၂၀၂၃ ခုနှစ်တွင် တရုတ်ပြည် မော်တော်ယာဉ် တင်ပို့မှု ပမာဏ ပထမဆုံးအကြိမ် ကမ္ဘာ့ ပထမ ဖြစ်လာ

(GMT+08:00)2024-01-19 13:47:08  

   ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ၂၀၂၃ ခုနှစ် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည် မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းတွင် ထိုးဖောက် တိုးတက်မှု ရရှိခဲ့ကြောင်း၊ တစ်နှစ်တာလုံး မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု နှစ်မျိုး စလုံးတွင် စီးရေ သန်း ၃၀ ကျော်လွန်ပြီး သမိုင်းတွင် အများဆုံး ဖြစ်ကြောင်း၊ တရုတ်ပြည် မော်တော်ယာဉ် တင်ပို့မှု ပမာဏသည် ပထမဆုံးအကြိမ် ကမ္ဘာ့ ပထမ ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

   ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည် မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု စီးရေ သည် ၃၀.၁၆၁ သန်းနှင့် ၃၀.၀၉၄ သန်း အသီးသီး ဖြစ်ကာ ၂၀၂၂ ခုနှစ်ကထက် ၁၁.၆ နှင့် ၁၂ ရာခိုင်နှုန်း အသီးသီး တိုးလာကာ သမိုင်းစံချိန်သစ် တင်နိုင်ခဲ့၍ ၁၅ နှစ် ဆက်တိုက် ကမ္ဘာ့ ပထမ ဖြစ်နိုင်ခဲ့ကြောင်း၊ မော်တော်ယာဉ် တင်ပို့မှုပမာဏသည် စီရေ ၄.၉၁ သန်း ရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၅၇.၉ ရာခိုင်နှုန်း တိုးလာကာ ပထမဆုံးအကြိမ် ကမ္ဘာ့ ပထမ ဖြစ်လာ ခဲ့ကြောင်း သိရပါသည်။

  ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည်၏ စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏမှာ ၉.၅၈၇ သန်းနှင့် ၉.၄၉၂ သန်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်ကထက် ၃၅.၈ ရာခိုင်နှုန်းနှင့် ၃၇.၉ ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း၊ စွမ်းအင်သစ်သုံး မော်တော်ယာဉ် တင်ပို့မှု စီးရေသည် ၁.၂၀၃ သန်း ရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၇၇.၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်ပြည် မော်တော်ယာဉ် ထုတ်လုပ်မှု စီးရေသည် ၃၁ သန်း ရှိမည်ဟု ခန့်မှန်းရကြောင်း China Media Group မှ သတင်းအရ သိရပါသည်။