ချီလီ-ဘေကျင်း၊ထျန်ကျင်း၊ဟိုပေ"ချယ်ရီသီးအမြန်လိုင်း" ပထမဆုံး သင်္ဘောသည် ထျန်ကျင်းသို့ ရောက်ရှိ

(GMT+08:00)2024-01-19 13:43:41  

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အကြီးစား ကွန်တိန်နာသင်္ဘော "Bach" သည် ထျန်ကျင်းဆိပ်ကမ်းသို့ ချောမောစွာရောက်ရှိလာသည်နှင့်အမျှ ချီလီ နှင့် တရုတ်ဘေကျင်း၊ထျန်ကျင်း၊ဟိုပေဒေသအကြား တိုက်ရိုက်"ချယ်ရီသီးအမြန်လိုင်းကို တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ သင်္ဘောပေါ်တွင် တင်ဆောင်လာ သော ချယ်ရီသီး တန်ချိန် ၂၅၀၀ ခန့်ကို ဘေကျင်း၊ထျန်ကျင်း၊ဟိုပေဒေသသို့ ၅ နာရီကြာခန့် ပို့ဆောင်နိုင်မည်ဖြစ်သည်။