၂၀၂၃ခုနှစ်က စက်မှုစီးပွားရေးသည် ယေဘုယျအားဖြင့် တိုးတက်ကောင်းမွန်ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်း၏ အလုံးစုံအတိုင်းအတာသည် ကမ္ဘာ့ပထမဆုံးနေရာတွင် ၁၄ နှစ်ဆက်တိုက် တည်ရှိနေကြောင်း တရုတ်စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနဆို

(GMT+08:00)2024-01-19 14:42:51  

ယခုလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ၂၀၂၃ ခုနှစ် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

စက်မှုစီးပွားရေးသည် ယေဘုယျအားဖြင့် ပြန်လည်ဦးမော့လာပြီး ပိုမိုကောင်းမွန်လာကာ ဆက်သွယ်ရေး စက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် သက်ဆိုင်ရာ တာဝန်ရှိသူက မိတ်ဆက်ခဲ့ ကြောင်း သိရှိရ သည်။