China Media Group၏ ၂၀၂၄ ခုနှစ် နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ ပင်မ ပိုစတာနှင့် Active ပိုစတာများ တတိယအကြိမ် အာရပ်နိုင်ငံများ မီဒီယာ အစည်းအဝေး၌ ပြသ

(GMT+08:00)2024-01-19 14:43:50  

   ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၄၃ ကြိမ်မြောက် အာရပ်နိုင်ငံများ အသံလွှင့် မဟာမိတ် နှစ်ပတ်လည် အစည်းအဝေးနှင့် တတိယ အကြိမ် အာရပ်နိုင်ငံများ မီဒီယာ အစည်းအဝေးကို တူနီးရှားနိုင်ငံ၌ ကျင်းပခဲ့ရာ China Media Group သည် အာရပ်နိုင်ငံများ အသံလွှင့် မဟာမိတ် အဖွဲ့ဝင်ဌာနနှင့် တစ်ခုတည်းသော ဖိတ်ကြားချက် ရရှိသည့် တရုတ်မီဒီယာ အဖြစ်ဖြင့် အစည်းအဝေးသို့ တက်ရောက်ကာ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ် နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ ပင်မ ပိုစတာနှင့် Active ပိုစတာများကို ပြသခဲ့ပါသည်။

   အာရပ်နိုင်ငံများ မီဒီယာ အစည်းအဝေး၌ China Media Groupမှ တာဝန်ရှိသူ က အမှာစကား ပြောကြားပြီး နွေဦးပွဲတော် အကြိုည ပဒေသာကပွဲတွင် ဆန်းသစ်တီထွင်သော သိပ္ပံနည်းပညာ အသုံးပြုခြင်းနှင့် ပတ်သက်၍ "အတွေးအဆ + အနုပညာ + နည်းပညာ" စိတ်ကူးစိတ်သန်းကို ရှင်းလင်းပြောကြားကာ China Media Group ၏ "5G+4K/8K+AI" ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။