ဆီးရီးယားတောင်ပိုင်းတွင် ဂျော်ဒန်လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံး

(GMT+08:00)2024-01-19 14:41:00  

ဆီးရီးယားမီဒီယာများမှ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၈ရက်နေ့တွင် ဂျော်ဒန်သည် ဆီးရီးယားတောင်ပိုင်းဒေသကို လေကြောင်းတိုက်ခိုက်ရာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၁၀ ဦး သေဆုံးပြီး  ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

ယခင်က ဂျော်ဒန်သည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို တိုက်ဖျက်ရန် အကြောင်းပြချက်ဖြင့် ဆီးရီးယားတောင်ပိုင်းဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။

လက်ရှိအချိန်အထိ ဂျော်ဒန်ဘက်မှ တုံ့ပြန်မှုမရှိသေးကြောင်း သိရှိရသည်။