တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ် Shen Yueyue သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Felix Tshisekedi ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်

(GMT+08:00)2024-01-18 14:58:49  

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Felix Tshisekedi ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ Shen Yueyue သည် ဇန်နဝါရီလ ၂၀ရက်နေ့တွင် ကင်ရှာဆာမြို့၌ ပြုလုပ်မည့် သမ္မတ Felix Tshisekedi ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ မော်နင် က ပြောကြားခဲ့ပါသည်။