ရုရှားသည် ယူကရိန်းတစ်ဝှမ်းရှိ စစ်ရေး အဆောက်အအုံများကို တိကျမှန်ကန်စွာ တိုက်ခိုက်နေကြောင်း ပူတင်ဆို

(GMT+08:00)2024-01-18 15:01:35  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၆ ရက်နေ့က ရုရှားသမ္မတ ပူတင်သည် မော်စကိုမြို့၌ ပထမဆုံးအကြိမ် ရုရှားမြူနီစီပယ်ဖိုရမ်သို့ တက်ရောက်စဉ် ရုရှားစစ်တပ်သည် တာဝေးပစ်နှင့် တိကျသော လက်နက်များကို အသုံးပြုပြီး ယူကရိန်းတစ်ဝှမ်းရှိ စစ်ရေးအခြေခံအဆောက်အအုံနှင့် ကာကွယ်ရေးလုပ်ငန်းကုမ္ပဏီများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် လုံး၀ ရှုံးနိမ့်ပြီဖြစ်ပြီး စစ်မြေပြင်ထိန်းချုပ်ခွင့်ကို ရုရှားစစ်တပ်၏ လက်ထဲတွင် အပြည့်အဝရှိကြောင်း ပူတင်က ပြောကြားခဲ့ သည်။