တရုတ်လုပ်ငန်းကုမ္ပဏီများ၏ ဆန်းသစ်တီထွင်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆက်တိုက် တိုးလာ

(GMT+08:00)2024-01-18 14:59:42  

  ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် အကောက်ခွန် ဝန်ဆောင်မှု အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ တရုတ် အကောက်ခွန်ဌာနချုပ်မှ တာဝန်ရှိသူက ၂၀၂၃ ခုနှစ်တွင် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ ဆန်းသစ်တီထွင်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆက်တိုက် တိုးလာပြီး အဆင့်မြင့် ကုန်ထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်းများ အရှိန်ကောင်းမွန်စွာ တိုးတက်လာသည်ဟု အကောက်ခွန်ဆိုင်ရာ Big data မှ စာရင်းများအရ သိရကြောင်း ပြောကြားခဲ့ပါသည်။

  တရုတ် အကောက်ခွန်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက VAT ပေါင်ချာ ဆိုင်ရာ စာရင်းများ အရ ၂၀၂၃ ခုနှစ်တွင် ဆန်းသစ်တီထွင်ရေး လုပ်ငန်းများ လျင်မြန်စွာ တိုးတက်လာပြီး အဆင့်မြင့် နည်းပညာ ကုန်ထုတ်လုပ်မှုဆိုင်ရာ ရောင်းချမှုဝင်ငွေများသည် ၂၀၂၂ ခုနှစ်ကထက် ၉.၈ ရာခိုင်နှုန်း တိုးလာပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဒစ်ဂျစ်တယ် စီးပွားရေးနယ်ပယ်၌ အဓိက ကုန်ထုတ်လုပ်မှုဆိုင်ရာ ရောင်းချမှုဝင်ငွေများသည် ၂၀၂၂ ခုနှစ်ကထက် ၈.၇ ရာခိုင်နှုန်း တိုးလာပြီး တစ်ပြည်လုံးမှ လုပ်ငန်းကုမ္ပဏီများက ဒစ်ဂျစ်တယ် နည်းပညာ ဝယ်ယူမှု ပမာဏသည် ၂၀၂၂ ခုနှစ်ကထက် ၁၀.၁ ရာခိုင်နှုန်း တိုးလာကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှသတင်းအရ သိရပါသည်။