တရုတ်ပြည်ကို ရွေးချယ်ခြင်းသည် အခွင့်အလမ်းကို ရွေးချယ်ခြင်းပင်ဖြစ်သည်

(GMT+08:00)2024-01-18 14:58:23  

  ပဏာမ စာရင်းအရ ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည် GDP သည် ယွမ် ၁၂၆၀၅၈.၂ ဘီလီယံ ဖြစ်ပြီး ၂၀၂၂ ခုနှစ်ကထက် ၅.၂ ရာခိုင်နှုန်း တိုးလာကာ တိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်ကထက် ၂.၂ ရာခိုင်နှုန်း တိုးမြင့်လာသည်။ စီးပွားရေး အတိုင်းအတာသည် သုံးလပတ်တိုင်း တိုးများလာပြီး လူတစ်ဦးချင်း ပျမ်းမျှ GDP သည် ၂၀၂၂ ခုနှစ်ကထက် ၅.၄ ရာခိုင်နှုန်း တိုးလာပါသည်။ အလုပ်အကိုင် နေရာချထားမှု အခြေအနေ တစ်ခုလုံး ခြုံပြီး ကောင်းမွန်လာကာ မြို့ပြ အလုပ်လက်မဲ့မှုနှုန်းသည် ၂၀၂၂ ခုနှစ်ကထက် ဝ.၄ ရာခိုင်နှုန်း လျော့နည်းလာသည်။ တရုတ်ပြည် စီးပွားရေးသည် ခိုင်ခံ့ပြီး အရှိန်ကောင်းမွန်စွာ နာလန်ပြန်ထူလာနေပါသည်။

   ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့မှ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၃ ရာခိုင်နှုန်း ဖြစ်ပြီး ဥရောပသမဂ္ဂကော်မတီသည် ၂၀၂၃ ခုနှစ် ယူရိုငွေဇုန် စီးပွားရေး တိုးတက်မှုနှုန်းကို ဝ.၆ ရာခိုင်နှုန်း အထိ လျှော့ချသတ်မှတ်ခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် တရုတ်ပြည် စီးပွားရေး တိုးတက်မှုနှုန်းသည် ကမ္ဘာ့ အဓိက စီးပွားရေး နိုင်ငံများတွင် ရှေ့တန်း၌ ရပ်တည်ပြီး တရုတ်ပြည် စီးပွားရေး တိုးတက်မှု ပမာဏသည် အလယ်အလတ် နိုင်ငံတစ်နိုင်ငံ၏ တစ်နှစ်တာလုံး စီးပွားရေး စုစုပေါင်းပမာဏနှင့် ညီမျှပါသည်။

   ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှ အစီရင်ခံစာ အရ ၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံး ကုန်စည် ကူးသန်းရောင်းဝယ်မှု ပမာဏသည် ၇.၅ ရာခိုင်နှုန်း လျော့နည်းသွားမည်ဟု ခန့်မှန်းထားသည်။ တရုတ်ပြည်၏ ကုန်စည် သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏကမူ ပုံမှန် တည်ငြိမ် နေ ပြီး ကုန်စည် ကူးသန်းရောင်းဝယ်မှု ပမာဏ ၇ နှစ် ဆက်တိုက် အများဆုံး နိုင်ငံ ဆက်လက် ဖြစ်သွားနိုင်မည်ဟု ခန့်မှန်းရပါသည်။

   ကမ္ဘာတစ်ဝှမ်းမှာ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျဆင်းနိုင်ခြေ ဖိအားများနှင့် ရင်ဆိုင်နေရသော အခြေအနေတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ လမှ နိုဝင်ဘာလ အထိ တရုတ်ပြည်၌ အသစ်တိုးလာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းကုမ္ပဏီ ပမာဏသည် ၂၀၂၂ ခုနှစ် အလားတူအချိန်ပိုင်းကထက် ၃၆.၂ ရာခိုင်နှုန်း တိုးလာပြီး လွန်ခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံခြားလုပ်ငန်းရှင်များ၏ တရုတ်ပြည်တွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းရရှိမှုနှုန်းသည် ၉ ရာခိုင်နှုန်းခန့် ဖြစ်ကာ နိုင်ငံတကာ၌ အသင့်အတင့် မြင့်သည့် အဆင့်အတန်း၌ ရှိနေပါသည်။ တရုတ်ပြည်ကို ရွေးချယ်ခြင်းသည် အခွင့်အလမ်းကို ရွေးချယ်ခြင်းပင်ဖြစ်သည်ဟု အထက်ပါ အဖြစ်မှန်များက ပြသနေကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။