လီချန်သည် အိုင်ယာလန်သမ္မတ ဟစ်ဂင်စ် နှင့် တွေ့ဆုံ

(GMT+08:00)2024-01-18 15:00:06  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒဗ္ဗလင်မြို့ရှိ သမ္မတရုံး၌ အိုင်ယာလန် သမ္မတ ဟစ်ဂင်စ် နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် လီချန်က လွန်ခဲ့သည့်နှစ်များအတွင်း သမ္မတ ရှီကျင့်ဖိန် နှင့် အဆွေတော် သမ္မတကြီး တို့၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-အိုင်ယာလန် ဆက်ဆံ ရေး သည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှု ရလဒ် အမြောက်အမြား ရရှိခဲ့ကြောင်း ၊ တရုတ်ပြည်ဘက်သည် အိုင်ယာလန်နှင့်အတူ အပြန် အလှန် လေးစားမှုနှင့် တန်းတူရည်တူ ဆက်ဆံမှုကို စွဲကိုင်ပြီး တရုတ်-အိုင်ယာလန် အပြန် အလှန် အကျိုး ရှိစေသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ပိုမို ဖွံ့ဖြိုးတိုးတက်လာစေဖို့ တွန်းအား ပေးလိုပါကြောင်း ပြောကြားခဲ့ သည်။

ဟစ်ဂင်စ်က အိုင်ယာလန်-တရုတ် ဆက်ဆံရေးသည် အရှိန်အဟုန်ကောင်းဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ အိုင်ယာလန်သည် တရုတ်နိုင်ငံနှင့်အတူ ချစ်ခင်ရင်းနှီးသော ကူးလူးဖလှယ်မှုများ အားဖြည့်ရန်၊ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာ လုံခြုံမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုစသည့်နယ်ပယ်များမှ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပူးတွဲ ရင်ဆိုင် ဖြေရှင်းလိုပါကြောင်း ပြောကြားခဲ့သည်။