တိုဂိုသမ္မတ Faure သည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-01-18 15:02:25  

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တိုဂိုနိုင်ငံ သမ္မတ Faure သည် Lome မြို့တွင် အလည်အပတ်ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ပါသည်။

Faure က သမ္မတ ရှီကျင့်ဖိန်အား စိတ်ရင်းမှန်ဖြင့်ပြောကြားသော နှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းတောင်းမှုကို ဝမ်ယိမှတစ်ဆင့် ပေးပို့ပြီး တိုဂို-တရုတ်ဆက်ဆံရေးနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေးကို  ချီးကျူးပြောကြားခဲ့ပါသည်။

၎င်းက ယနေ့ ကမ္ဘာကြီးသည် မတည်မငြိမ်ဖြစ်ပြီး အာဖရိက၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုသည် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရကာ တရုတ်နိုင်ငံ၏ ထောက်ပံ့မှုနှင့် အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက သမ္မတ ရှီကျင့်ဖိန်၏ ချစ်ခင်ရင်းနှီးသော နှုတ်ခွန်းဆက်စကားကို ပေးပို့ပြီး ၎င်းက တရုတ်နိုင်ငံသည် တိုဂိုနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှု တိုးမြှင့်ပြီး တိုဂိုနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံ အားပေးကြောင်း ပြောကြားခဲ့ပါသည်။