ရဲဘော် Zhang Kehui ၏ ရုပ်အလောင်းကို ဘေကျင်းမြို့တွင် မီးသင်္ဂြိုဟ်

(GMT+08:00)2024-01-18 14:59:16  

နာမည်ကျော်လူမှုရေးပုဂ္ဂိုလ်၊ ထိုင်ဝမ် ဒီမိုကရက်တစ်ကိုယ်ပိုင်အုပ်ချုပ်ရေး မဟာမိတ်အဖွဲ့၏ ထူးချွန်သော ခေါင်းဆောင်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် နဝမအကြိမ်မြောက်နှင့် ဒသမအကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ထိုင်ဝမ်ဒီမိုကရက်တစ်ကိုယ်ပိုင်အုပ်ချုပ်ရေး မဟာမိတ်အဖွဲ့ ဆဋ္ဌမအကြိမ်မြောက်နှင့် သတ္တမအကြိမ်မြောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ထိုင်ဝမ်ဒီမိုကရက်တစ်ကိုယ်ပိုင်အုပ်ချုပ်ရေး မဟာမိတ်အဖွဲ့ သတ္တမအကြိမ်မြောက် ဗဟိုကော်မတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၊ စတုတ္ထ အကြိမ်မြောက်နှင့် ပဉ္စမအကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ထိုင်ဝမ်မွေးချင်း ပေါက်ဖော်များအသင်း ဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီမှ ထူးချွန်သော ပါတီဝင် ရဲဘော် Zhang Kehui ၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၇ရက်နေ့က ဘေကျင်းမြို့ရှိ Babaoshan တော်လှန်ရေးဘုံသင်္ချိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့ပါသည်။
    ရဲဘော် Zhang Kehui သည် အသက် ၉၆နှစ်ရှိပြီဖြစ်ပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့ ညနေ ၃နာရီ ၁၈မိနစ်တွင် ဘေကျင်းမြို့၌ ရောဂါကြောင့် ကွယ်လွန်ခဲ့ပါသည်။
    ဇန်နဝါရီလ ၁၇ရက်နေ့ နံနက်ပိုင်းတွင် ရှီကျင့်ဖိန်၊ Zhao Leji ၊ Wang Huning ၊ Cai Qi ၊ Ding Xuexiang ၊ Li Xi နှင့် Han Zheng စသည့် နိုင်ငံတော်ခေါင်းဆောင်များသည် ရဲဘော် Zhang Kehui ၏ ဈာပနာအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။