တိုဂိုဝန်ကြီးချုပ်Dogbeသည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-01-18 15:01:14  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၇ရက်နေ့က တိုဂို ဝန်ကြီးချုပ် Dogbeသည် Lomeမြို့တော်၌ အလည်အပတ်ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

Dogbeက တိုဂိုနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွင် တရုတ်ပြည်ဘက်မှ ထောက်ပံ့မှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တိုဂိုသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ပြတ်သားစွာစွဲကိုင်ပြီး တရုတ်နိုင်ငံ အမြန်ဆုံး တစ်ပေါင်းတစ်စည်းတည် ဖြစ်ရေးကို ထောက်ခံကြောင်း၊ လက်ရှိ Sahilဒေသ၌ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန်အတွက် တရုတ်ပြည်ဘက်နှင့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက တိုဂိုမှ အချုပ်အခြာအာဏာလွတ်လပ်ရေး၊ နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ ထိန်းသိမ်းကာကွယ်ရေးကို ဆက်လက် ထောက်ခံမည် ဖြစ်ပြီး ဘက်ပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး တိုဂိုစက်မှုလုပ်ငန်းဖြစ်စဉ် လျင်မြင်စွာတိုးတက်စေရန်  ပံ့ပိုးကူညီမှုများကို ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။