ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းများ ပိုမိုထုတ်လုပ်မည်ဟု ပိုလန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

(GMT+08:00)2024-01-18 15:02:47  

ဇန်နဝါရီလ ၁၇ရက်နေ့တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး Sikorski က ဆွစ်ဇာလန်နိုင်ငံ Davos ၌ ပိုလန်သည် ယူကရိန်းအတွက် ထောက်ပံ့ရေးအစီအစဉ်အသစ်ကို ရေးဆွဲနေချိန်တွင် လက်နက်ခဲယမ်းနှင့် စစ်လက်နက်ပစ္စည်းများ ပိုမိုထုတ်လုပ်ရန် စဉ်းစားသည့် တစ်ချိန်တည်းတွင် ၎င်း၏ ဂိုဒေါင်တွင် သိုလှောင်ထားသော လက်နက်ပစ္စည်းများကို စာရင်းသွင်း မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မကြာခင်က ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနသည်  ယူကရိန်းအတွက် ထောက်ပံ့ရေး အစီအစဉ်သစ်ကို ကြေညာခဲ့ပါသည်။