အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်စီးခဲ့သော လေယာဉ်သည် ဆိုးရွားသော ပျက်စီးမှုနှင့် ကြုံတွေ့

(GMT+08:00)2024-01-18 15:00:27  

ဒေသစံတော်ချိန် ဇန်နဝါရလီ ၁၇ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် စီးခဲ့သောလေယာဉ်သည် ဆိုးရွားသော ပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ရပြီး ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့တွင် ခေတ္တယာယီ ရပ်နားခဲ့ရကြောင်း ရိုက်တာသတင်းအရ သိရပါသည်။

ဘလင်ကန် နှင့် လိုက်ပါသွားသော သတင်းပြန်ကြားရေးအဖွဲ့မှ အဖွဲ့ဝင်၏အဆိုအရ ဘလင်ကန် စီးခဲ့သော လေယာဉ်တွင် အောက်ဆီဂျင် ယိုစိမ့်မှုနှင့် သက်ဆိုင်သော ပျက်စီးမှု တစ်ခုဖြစ်ပေါ်ခဲ့သည့်အတွက် ၎င်းသည် အခြားလေယာဉ်ဖြင့် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ပြန်မည်ဖြစ်ပြီး ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော လေယာဉ်သည်  Boeing 737 ဖြစ်ကြောင်း သိရပါသည်။