ပဉ္စမ အကြိမ် တရုတ်ပြည်လုံးဆိုင်ရာ စီးပွားရေး စုံစမ်းစစ်ဆေးမှုကို စနစ်တကျ ဆောင်ရွက်နေ

(GMT+08:00)2024-01-18 15:03:35  

  ယခုလ ၁၇ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ခန်ယိက ပဉ္စမ အကြိမ် တရုတ်ပြည်လုံးဆိုင်ရာ စီးပွားရေး စုံစမ်းစစ်ဆေးမှုလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နေကြောင်း၊ ယခုအကြိမ် စုံးစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် ဝန်ထမ်းများ အိမ်တိုင်ရာရောက် စာရင်းကောက်ယူခြင်း၊ စုံစမ်းစစ်ဆေးခံရသူ ကိုယ်တိုင် စာရင်းတင်ခြင်း၊ လုပ်ငန်းဌာနများ စာရင်းတင်သွင်းခြင်း စသည့် အသွင်ပုံစံများကို ပေါင်းစပ်အသုံးပြုမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တစ်ပြည်လုံးမှ စုံစမ်းစစ်ဆေးရေး ဝန်ထမ်း ၂၁ သိန်းကျော်တို့သည် စာရင်း ကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေပြီး သက်ဆိုင်ရာ စာရင်းများကို စနစ်တကျ တင်သွင်းပေးနေကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။