၂၀၂၃ ခုနှစ် တရုတ်ပြည်သူများစားသုံးမှုဈေးနှုန်း (CPI) သည် ယခင်နှစ်ကထက် ဝ.၂ ရာခိုင်နှုန်းတိုးလာ

(GMT+08:00)2024-01-17 15:06:17  

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ၂၀၂၃ ခုနှစ် အမျိုးသားစီးပွားရေး လည်ပတ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် တစ်နှစ်တာလုံး ပြည်သူများစားသုံးမှုဈေးနှုန်း (CPI) သည် ယခင်နှစ်ကထက် ဝ.၂ ရာခိုင်နှုန်း တိုးလာကြောင်း၊ အမျိုးအစားအလိုက် အစားအသောက်၊ ဆေးလိပ်နှင့် အရက်ဈေးနှုန်း ဝ.၃ ရာခိုင်နှုန်း ၊ အဝတ်အထည်ဈေးနှုန်း ၁ ရာခိုင်နှုန်း ၊ နေ့စဉ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှု ဈေးနှုန်းများ ဝ.၁ ရာခိုင်နှုန်း တိုးလာပြီး အိမ်ရာဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးဈေးနှုန်း ၂.၃ ရာခိုင်နှုန်း ကျဆင်းပြီး ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး ဈေးနှုန်းများ ၂ ရာခိုင်နှုန်း ၊ ဆေးဝါးကုသရေးဈေးနှုန်း ၁.၁ ရာခိုင်နှုန်း၊ အခြားသောပစ္စည်းနှင့် ဝန်ဆောင်မှု ဈေးနှုန်းများ ၃.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရပါသည်။