အာဆီယံသည် ၄နှစ်ဆက်တိုက် တရုတ်နိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာ

(GMT+08:00)2024-01-17 15:18:09  

တရုတ်အကောက်ခွန်ဌာနချုပ်၏ နောက်ဆုံးစာရင်းအရ ၂၀၂၃ခုနှစ်တွင် တရုတ်နှင့် အာဆီယံ အကြား ကုန်သွယ်မှု ပမာဏသည် ယွမ် ၆.၄၁ထရီလီယံ အထိ ဆက်လက် တိုးမြင့် လာခဲ့ကြောင်း၊ အာဆီယံသည် ၄နှစ်ဆက်တိုက် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ် ဖက် ဖြစ်လာခဲ့သလို တရုတ်နိုင်ငံသည်လည်း အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက် နှစ်ပေါင်းများစွာ ဆက်တိုက်ဖြစ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါ သည်။

၂၀၂၃ခုနှစ်အထိ တရုတ်နှင့် အာဆီယံအကြား ကုန်သွယ်မှု ပမာဏသည် နှစ် ပေါင်း ၂၀ အတွင်း ၁၆.၈ ဆ တိုးမြင့်လာပြီး နှစ်ဖက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၃၈၀ ဘီလီယံ ကျော်ရှိခဲ့ ကြောင်း သိရှိရသည်။