တရုတ် ဝန်ကြီးချုပ် လီချန်သည် ပြင်သစ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသော Gabriel Attal အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-01-17 15:21:10  

    တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြင်သစ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသော Gabriel Attal အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

    လီချန်သည် ယခုနှစ်များအတွင်း နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံမှုသည် တည်ငြိမ်စွာ တိုးတက်လာပြီး ရှုပ်ထွေးပွေလီ ဖြစ်နေသော ကမ္ဘာကြီးအတွက် တန်ဖိုးရှိသည့် တည်ငြိမ်မှုများကို ထည့်သွင်းပေးလာကြောင်း၊ ယခုနှစ်သည် တရုတ်နှင့် ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်နှစ် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံမှုသည် အတိတ်ကအစဉ်အလာကို ဆက်ခံပြီး အနာဂတ် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးသည့် ခရီးစဉ်သစ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း၊ မိမိ အနေနှင့် အဆွေတော်နှင့် လက်တွဲပြီး နှစ်ဖက်အကြား နယ်ပယ်အသီးသီးမှ ကူးလူး ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် ရှင်သန်စွမ်းအားသစ်ကို ထည့်သွင်းပေးကာ  တည်ငြိမ်ပြီး အပြန်အလှန် အကျိုးရှိစေသော၊ ချဲ့ထွင်ပြီး အရှိန် ကောင်းမွန်သော နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ရန်အတွက် အကျိုးပြုစွမ်းဆောင်မှုသစ်များ ပြုလုပ်လိုပါကြောင်း ဖော်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။