တရုတ် အကြီးဆုံး သန့်စင်သော စွမ်းအင်ကို အသုံးပြုပြီး မော်တော်ယာဉ်ကို သယ်ယူပို့ဆောင်သည့် သင်္ဘောသည် ပထမဆုံး အကြိမ် ဥရောပ ခရီးစဉ် ထွက်ခွာ

(GMT+08:00)2024-01-17 14:59:53  

ယခုလ ၁၇ရက်နေ့တွင် တရုတ်နိုင်ငံ ရှန်ဟိုင်း ဟိုင်းထုံး- မော်တော်ယာဉ် တင်ပို့ရေး နိုင်ငံတကာ ဆိပ်ကမ်းတွင် ကားပါကင်နေရာ ၇၆၀၀ရှိသည့် LNG(Liquefied Nature Gas)နှင့် လောင်စာဆီ လောင်စာ၂မျိုးသုံး သင်္ဘောကြီး တစ်စင်းသည် ပထမဆုံး အကြိမ် ဥရောပ ခရီးစဉ် လှည့်လည်ရန် ထွက်ခွာမည် ဖြစ်ကြောင်း သိရပါသည်။

ယင်းသင်္ဘောသည် မီတာ ၂၀၀ ရှည်လျားပြီး အကျယ် ၃၈မီတာ ရှိကာ အမြင့်မှာ ၁၃ထပ် အဆောက်အအုံနှင့် ညီမျှကြောင်း၊ LNG(Liquefied Nature Gas)နှင့် လောင်စာဆီ ဖြစ်သည့် သန့်စင် စွမ်းအင်များကို အသုံးပြုသောကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ရာခိုင်နှုန်း ၄၀ကို လျှော့ချနိုင်ပြီး တရုတ် အကြီးဆုံး သန့်စင်သော စွမ်းအင်ကို အသုံးပြုကာ မော်တော်ယာဉ်ကို သယ်ယူပို့ဆောင်သည့် သင်္ဘော ဖြစ်ကြောင်း သိရပါသည်။