မြောက်ကိုရီးယား အမြင့်ဆုံး ပြည်သူ့ကွန်ဂရက်သည် ဆုံးဖြတ်ချက် အတည်ပြုပြီး အမိနိုင်ငံ ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ကော်မတီ အပါအဝင် တောင်မြောက်ကိုရီးယား ရေးရာဆိုင်ရာ အဖွဲ့အစည်းများကို ဖျက်ပစ်

(GMT+08:00)2024-01-17 15:23:48  

 

မြောက်ကိုရီးယား သတင်းဌာနမှ ယခုလ ၁၆ ရက်နေ့က သတင်းအရ မြောက်ကိုရီးယား အမြင့်ဆုံး ပြည်သူ့ကွန်ဂရက်သည် ၁၅ ရက်နေ့က ဆုံးဖြတ်ချက် တစ်ရပ်ကို အတည်ပြုပြီး အမိနိုင်ငံ ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ကော်မတီ၊ Mount Kumgang အပြည်ပြည်ဆိုင်ရာ ခရီးသွား ဗျူရို အပါအဝင် တောင်မြောက်ကိုရီးယား ရေးရာဆိုင်ရာ အဖွဲ့အစည်းများကို ဖျက်ပစ်ခဲ့ကြောင်း သိရပါသည်။

   ဆုံးဖြတ်ချက်တွင် လွန်ခဲ့သည့်နှစ် ၈၀ အတွင်း  အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး လမ်းကြောင်းသည် အမျိုးသား တစ်ရပ်၊ နိုင်ငံ တစ်ခု၊ စနစ် နှစ်မျိုး အပေါ် မူတည်ခြင်း ဖြစ်ကြောင်း၊ တောင်ကိုရီးယားကမူ "သိမ်းသွင်းခြင်းဖြင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး" နှင့် "စနစ်အရ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး" ကို နိုင်ငံ၏ မူဝါဒအဖြစ် သတ်မှတ်ထားကြောင်း၊ သူတို့နှင့် ကူးလူးဆက်ဆံလျှင် အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို ထာဝရ ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်ဟု သတင်းရရှိပါသည်။