ကျဲကျန်းပြည်နယ်တွင် ကျေးလက်ဒေသ ရိုးရာ တိုဟူးခြောက်များဖြင့် နှစ်သစ်ကို ကြိုဆို

(GMT+08:00)2024-01-17 15:22:04  

နွေဦးပွဲတော် ရောက်လာတော့မည့်အခါသမယတွင် ကျဲ့ကျန်းပြည်နယ် အန်းဟွာခရိုင်မှ ရိုးရာ နှစ်သစ်ကူး ထုတ်ကုန်ဖြစ်သော ရိုးရာ တိုဟူးခြောက်များ အရောင်းရဆုံးရာသီလည်း ဖြစ် ပါသည်။ ရွာသူရွာသားများသည် နှစ်သစ်ကူး ‌ဈေးကွက်အတွက် တိုဟူးခြောက်များကို အစွမ်းကုန် ထုတ်လုပ်နေကြသည်။

        အန်းဟွာ တိုဟူးခြောက်မှာ နှစ်ပေါင်း ၆၀ ကျော် သမိုင်းကြောင်းရှိပြီး ရှေးကျသောလက်မှုပညာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ပဲပိစပ်ကို ရေစိမ်ခြင်း၊ ကြိတ်ခွဲခြင်း၊ စစ်ထုတ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အလွှာ ခွာခြင်းနှင့် အခြောက်ခံခြင်း စသည့် လုပ်ငန်းစဉ် ၁၀ ခု ကျော်ဖြင့် ထုတ်လုပ်ရ ပြီး ဒေသထွက် အရသာကောင်းသော ရိုးရာအစားအစာနှင့် ဒေသန္တရ အထူးလက္ခဏာ ရှိသော လက်ဆောင်လည်း  ဖြစ်သည်။