လီချန်သည် အိုင်ယာလန်သို့ တရားဝင် အလည်အပတ်ခရီး စတင်

(GMT+08:00)2024-01-17 16:42:31  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၆ ရက်နေ့ ညတွင် အိုင်ယာလန် ဝန်ကြီးချုပ် Varadkar ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် စင်းလုံးငှား လေယာဉ်ဖြင့် Dublin အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး အိုင်ယာလန်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး သွားရောက် ခဲ့ပါသည်။

လီချန်က ယခုနှစ်သည် တရုတ်နှင့် အိုင်ယာလန် သံတမန်ဆက်ဆံရေး ထားရှိခြင်း ၄၅ နှစ်ပြည့် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အိုင်ယာလန်နှင့်အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ ရရှိသည့် အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည်ဖော်ရန်၊ တရုတ်-အိုင်ယာလန် နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိစေရေး မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု အောင်မြင်မှုရလဒ်သစ်များဆက်တိုက် ရရှိရေး တွန်းအားပေးရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုရန် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။