အိုက်စလန် မီးတောင် ထပ်မံပေါက်ကွဲပြီး ကျောက်ရည်ပူ စီးဆင်းမှုကြောင့် အဆောက်အအုံ အများအပြား မီးလောင်ကျွမ်းခဲ့

(GMT+08:00)2024-01-17 15:14:11  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၄ ရက်နေ့က အိုက်စလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Reykjanes ကျွန်းဆွယ်တွင် မီးတောင်တစ်ခု ပေါက်ကွဲခဲ့သည်။ ၁၅ ရက်နေ့တွင် ယင်းမီးတောင် မှ စီးဆင်းလာသော  ကျောက်ရည်ပူ များ  သည် ကျွန်းဆွယ်ရှိ Grindavik မြို့ငယ်လေးသို့  ပျံ့နှံ့သွားခဲ့သည်။ လက်ရှိတွင် ကျောက်ရည်ပူများ ဝင်ရောက်မှုကြောင့် အဆောက်အအုံ အများအပြား မီးလောင်ကျွမ်းခဲ့ ပြီး အိုက်စလန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ၁၅ ရက်နေ့က အခင်းဖြစ်ပွားရာနေရာ၌ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ပြုလုပ်ခဲ့သည်ဟု သတင်းအရ သိရှိရသည်။