ကန်အား ထိုင်ဝမ်အရေးကိစ္စကို ဆင်ခြင်စွာ ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန တိုက်တွန်း

(GMT+08:00)2024-01-17 14:57:48  

  

ဇန်နဝါရီလ ၁၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ရိုက်တာသတင်းဌာနမှ သတင်းထောက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် Nauru နိုင်ငံမှ ထိုင်ဝမ်နှင့် ဆက်ဆံရေး ဖြတ်တောက်မှုအတွက် စိတ်ပျက်မိကြောင်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် ယင်းကို မည်ကဲ့သို့ တုံ့ပြန် ပြောချင်ပါ သလဲ ဟု မေးမြန်းခဲ့ပါသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က အမေရိကန်နိုင်ငံ သည် အချုပ်အခြာအာဏာပိုင်ခွင့်ရှိသောနိုင်ငံ၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက် ပြောကြားပြီး တရုတ်နိုင်ငံ၏ သံတမန်ရေးကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုကာ ထိုင်ဝမ်ဒေသ၏ “နိုင်ငံတကာဇာတ်ခုံ”တိုးချဲ့ရန် ချီးမွမ်းစကားပြောခြင်းမှာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒနှင့် တရုတ်-အမေရိကန်ပူးတွဲပြန်တမ်း ၃ခုကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ကာ နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်၍ တရုတ်နိုင်ငံအနေဖြင့် ယင်းကို ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။

    ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ရန် Nauru အစိုးရ၏ ဆုံးဖြတ်ချက်သည် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူဝါဒအတိုင်း ပြည်သူများ၏ဆန္ဒနှင့် ကိုက်ညီသည်၊ ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီ သည်ဟု ထပ်မံအပြည့်အဝဖော်ပြနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ခေါင်းဆောင်များက ကြိမ်ဖန်များစွာ အတည်ပြုပြောကြားခဲ့သည့် “ထိုင်ဝမ် သီးခြားတည်ရှိရေး”ကို မထောက်ခံဖို့၊ “တရုတ်ပြည်နှစ်ပြည်” သို့မဟုတ် “တရုတ်ပြည် တစ်ပြည်၊ ထိုင်ဝမ်တစ်ခု”ကို မထောက်ခံဖို့ ကတိပြုချက်ကို လက်တွေ့အကောင် အထည်ဖော်ရန်၊ ထိုင်ဝမ်အရေးကိစ္စကို ဆင်ခြင်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ “ထိုင်ဝမ် သီးခြားတည်ရှိရေး” ခွဲထွက်ရေးအင်အားများသို့  မှားယွင်းသော သတင်းများ ပို့ ဆောင်ခြင်းမှ ရပ်စဲရန် အမေရိကန်ဘက်အား တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။