လီချန်သည် ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ပြီး အထူးမိန့်ခွန်း ပြောကြား

(GMT+08:00)2024-01-17 16:01:53  

   ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒါဗို့စ် နိုင်ငံတကာ အစည်းအဝေးစင်တာ၌ ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ပြီး အထူးမိန့်ခွန်း ပြောကြားခဲ့ပါသည်။

   လီချန်က ယခုအကြိမ် နှစ်ပတ်လည် အစည်းအဝေး၏ ဆောင်ပုဒ်သည် ယုံကြည်မှု ပြန်လည် တည်ထောင်ခြင်း ဖြစ်ပြီး ယင်းသည် လူအများ၏ အာရုံစူးစိုက်ရာနှင့် လွန်စွာ ကိုက်ညီ ပါကြောင်း ပြောကြားပါသည်။

   လီချန်သည် ယုံကြည်မှု ပြန်လည် တည်ထောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူမှု တွန်းအားပေးခြင်းနှင့် ပတ်သက်ပြီး အဆိုပြုချက် ငါးရပ်ကို ဖော်ပြထားပါသည်။ ယင်းတို့သည် မက်ခရို စီးပွားရေး မူဝါဒများ ညှိနှိုင်းမှုကို တွန်းအားပေးပြီး ဘက်ပေါင်းစုံ ကုန်သွယ်ရေး စည်းစနစ်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတာဝန်ခွဲဝေရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေးနှင့် အဆင်ပြေစေရေးကို ဦးလည်မသုန် တွန်းအားပေး၍ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ထောက်ပံ့မှုကွင်းဆက် တည်ငြိမ် အဆင်ပြေရေးကို ထိရောက်စွာ ထိန်းသိမ်း ကာကွယ်ရန်၊ နိုင်ငံတကာ သိပ္ပံနည်းပညာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး တံခါးဖွင့်သည့် တရားမျှတသည့် အထင်သေးမှု ကင်းမဲ့သည့် သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်ကို လက်တွဲ ဖန်တီးပေးရန်၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး အစိမ်းရောင် အသွင်ကူးပြောင်းခြင်းကို လက်တွဲ တွန်းအားပေး၍ နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှုကို တက်ကြွစွာ ရင်ဆိုင် ဖြေရှင်းရန်၊ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်ဘက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်များကို ဘက်စုံ ဖော်ဆောင်ကာ ကျယ်ကျယ်ပြန့်ပြန့် အကျိုး ခံစား စေနိုင်သော သက်ညှာထောက်ထားသော ကမ္ဘာ့စီးပွားရေးကို တိုးမြှင့် တည်ဆောက်ရန်တို့ ဖြစ်သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။