၂၀၂၃ခုနှစ် တရုတ် ဂျီဒီပီ ယွမ်ငွေ ၁၂၆ထရီလီယံကျော် ရှိပြီး ၂၀၂၂ခုနှစ်ကထက် ၅.၂ရာခိုင်နှုန်း တိုးလာသည်ဟု အမျိုးသား စာရင်းအင်းဌာနဆို

(GMT+08:00)2024-01-17 15:05:19  

  

ယခုလ ၁၇ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ၂၀၂၃ခုနှစ် အမျိုးသား စီးပွားရေး လည်ပတ်မှု အခြေအနေကို မိတ်ဆက်ပေးခဲ့ရာ ၂၀၂၃ခုနှစ် တရုတ် အမျိုးသား စီးပွားရေး စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၁၂၆.၀၅၈၂ ထရီယံကျော် ရှိပြီး ၂၀၂၂ခုနှစ်ကထက် ၅.၂ရာခိုင်နှုန်း တိုးလာသည်ဟု ပဏာမ စာရင်းအရ သိရကြောင်း ပြောကြားခဲ့ ပါသည်။