ထိုင်းနိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား သဖြင့် တရုတ်ခရီးသည် ၁၇ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-01-17 14:58:40  

ထိုင်းနိုင်ငံ Phuket ကျွန်း Thalang ရပ်ကွက်တွင် ဇန်နဝါရီလ ၁၆ရက်နေ့က ခရီးသည်တင်ဘတ်စ်ကား တစ်စီးသည် လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသူ ၂ဦးအပါအဝင် တရုတ်ခရီးသည် ၁၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးတစ်ဦး ပါဝင်ကြောင်း ထိုင်းဒေသခံ မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။