ရှီကျင့်ဖိန်သည် ကွန်ဂို(Kinshasa)နိုင်ငံ သမ္မတ အဖြစ် ဆက်လက် ရွေးချယ်တင်မြှောက် ခံရသော Tshisekedi အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-01-17 16:59:09  

    ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကွန်ဂို(Kinshasa) နိုင်ငံ သမ္မတ အဖြစ် ဆက်လက် ရွေးချယ်တင်မြှောက် ခံရသော Tshisekedi အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

   ရှီကျင့်ဖိန်က ကွန်ဂို(Kinshasa)နိုင်ငံသည် တရုတ်နိုင်ငံ၏ ရိုးရာ ချစ်ကြည်ရေးနိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ ယခုနှစ်များအတွင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် လျင်မြန်စွာ တိုးတက်လာပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုရလဒ်များစွာ ရရှိကာ ချစ်ကြည်ရေး အစဉ်အလာ ဆက်တိုက် နက်ရှိုင်းလာကြောင်း၊ မိမိသည် သမ္မတ Tshisekedi နှင့်အတူ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု၏ အနက်သဘော ပိုမို ကြွယ်ဝစေရန်၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတက်စေရန် ကြိုးပမ်းလိုပါကြောင်း ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။