ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိ New Chitose လေဆိပ်တွင် ခရီးသည်တင်လေယာဉ် နှစ်စင်း တိုက်မိမှုဖြစ်ပွား

(GMT+08:00)2024-01-17 15:12:59  

NHK မှသတင်းအရ ဒေသစံတော်ချိန် ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် Korean Air နှင့် Cathay Pacific ခရီးသည်တင်လေယာဉ်နှစ်စင်းသည် ဟော့ကိုင်းဒိုးရှိ New Chitose လေဆိပ်တွင် တိုက်မိခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိမှု သတင်းများ မရှိသေးကြောင်း ပြောကြားခဲ့ သည်။ မီးသတ်သမားများ၏ ပြောကြားချက်အရ ရွေ့လျားနေသော Korean Air ခရီးသည် တင်လေ ယာဉ်သည် ရပ်တန့်ထားသော Cathay Pacific Airways ခရီးသည်လေယာဉ်နှင့် တိုက်မိခဲ့ ကြောင်း သိရသည်။