ပူတင်က မြောက်ကိုရီးယားသို့ အလည်အပတ်သွားရောက်ရန် စီစဉ်ထားသည်ဟု ရုရှားသမ္မတ သတင်းရေးရာအတွင်းဝန်ဆို

(GMT+08:00)2024-01-16 15:25:47  



ခန့်မှန်းနိုင်သော အနာဂတ်တွင် ရုရှားသမ္မတ ပူတင်သည် မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ် ပြီး အသေးစိတ်စီစဉ်ှု များကို သံတမန်လမ်းကြောင်းဖြင့် ဆွေးနွေးမည် ဖြစ်ကာ ရုရှားအနေနှင့် နယ်ပယ် ပေါင်းစုံမှ မြောက်ကိုရီးယားနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံမှုကို ဖွံဖြိုးတိုးတက်စေရန် စီစဉ်ထားကြောင်း၊ ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုသည် အနက်အဓိပ္ပါယ်ရှိပြီး  အကျိုးရလဒ်များ ရရှိနိုင်ရန် ရုရှားက မျှော်လင့်ထားကြောင်း ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက်နေ့က ရုရှားသမ္မတ သတင်း ရေးရာအတွင်းဝန် Peskov က ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့သည် ရုရှား နိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းအရ သိရှိရသည်။