တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်း ၄နိုင်ငံတို့မှ မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှုကို ၁၂နှစ်ကြာ ဆောင်ရွက်ခဲ့

(GMT+08:00)2024-01-16 15:30:14  




၂၀၁၁ခုနှစ်တွင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်း ၄ နိုင်ငံတို့သည် မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ထူထောင်ပြီး ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် မဲခေါင်မြစ်ဝှမ်းဒေသရှိ ၄နိုင်ငံ ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို ပထမဆုံး အကြိမ် ဆောင်ရွက်ခဲ့ပြီးနောက် လွန်ခဲ့သည့် ၁၂နှစ်အတွင်းတွင် စီးပွားရေးဆုံးရှုံးနစ်နာမှု တရုတ်ယွမ်ငွေ သန်း၂၀၀ခန့် ကယ်ဆယ်ခဲ့ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာနမှ ဇန်နဝါရီလ ၁၅ရက်နေ့က ထုတ်ပြန်သောသတင်းကိုကိုးကား၍ China Media Group က ရေးသားဖော်ပြဲ့ သည်။

လွန်ခဲ့သည့်၁၀နှစ်ကျော်တုန်းက မဲခေါင်မြစ်ရေကြောင်းတွင် ကုန်တင်သင်္ဘောများကို ပြန်ပေးဆွဲမှု၊ တရားမဝင်ခိုးဝင်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ သေနတ်မှောင်ခို ရောင်းဝယ်မှု၊ ူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနှင့်ွေ ညှစ်ယူမှု စသည့် ပြစ်မှုကျူးလွန်မှုအမျိုးမျိုး ကို မကြာခဏဖြစ်ပွားလျက်ရှိကြောင်း၊ ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်း ၄နိုင်ငံတို့သည် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို ပထမဆုံးအကြိမ် တရားဝင် စတင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၂နှစ်အတွင်းတွင် ၄နိုင်ငံတို့သည် မဲခေါင်မြစ်ပူးတွဲ ကင်းလှည့်ရေးလှုပ်ရှားမှုကို ၁၃၆ကြိမ် ဆောင်ရွက်ခဲ့ပြီး ကုန်း ရေ ပူးတွဲလှုပ်ရှားမှုနှင့် အပိုင်း ခွဲခြားပြီး ကင်းလှည့်ရေးလှုပ်ရှားမှု အပါအဝင် ပူးတွဲလှုပ်ရှားမှု အကြိမ်၂၀၀ကျော် ဆောင်ရွက်ခဲ့ရာ တရားဥပဒေစိုးမိုးရေးဝန်ထမ်း ၂သောင်းခန့်ကို စေလွှတ်ခဲ့ကြကြောင်း၊ ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုများတွင် ကုန်တင် သင်္ဘော အစင်း သုံးလေးထောင်ကို စောင့်ကြပ် ကာကွယ်ပို့ဆောင်ခဲ့ပြီး အန္တရာယ်များနှင့် ရင်ဆိုင်နေသော ကုန်တင် သင်္ဘော အစင်း ၂၀၀ကျော်ကို အောင်မြင်စွာ ကယ်ဆယ် နိုင် ခဲ့ကြောင်း သတင်းအရ သိရပါသည်။