China Media Group သည် Nauru နိုင်ငံ Yaren တွင် ရုံးခွဲ တည်ထောင်

(GMT+08:00)2024-01-16 15:13:17  



ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့တွင် Yaren ဆိုင်ရာ China Media Group ရုံးခွဲကို  Nauru သမ္မတနိုင်ငံ အစိုးရရုံးစိုက်ရာ Yaren တည်ထောင်ပြီး စတင်လည်ပတ်ခဲ့ပါသည်။ ဤသည်မှာ China Media Group မှ ကမ္ဘာပေါ်တွင် တည်ထောင်ထားသော ၁၉၂ ခုမြောက် ရုံးဌာနဖြစ်သည်။ ထိုနေ့တွင်ပင် China Media Group မှ သတင်းထောက် Li Lingfeng က Yaren တွင် ပထမဆုံး သတင်း "Nauru နှင့် ထိုင်ဝမ် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခြင်း" ကို ကမ္ဘာသို့ ထုတ်ပြန်ခဲ့သည်။