ထိုင်ဝမ်နှင့် “သံတမန်ဆက်ဆံရေး” ဖြတ်တောက်ရန် Nauru အစိုးရ၏ ကြေညာချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တစ်ဦး၏ အမေးကို ဖြေကြား

(GMT+08:00)2024-01-16 15:12:04  



မေး- Nauru အစိုးရသည် ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ပြီး တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ပြန်လည် ထားရှိကာ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို အသိအမှတ်ပြုရန် ဆုံးဖြတ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။  ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ မှတ်ချက်က ဘယ်လိုရှိပါသလဲဆိုပြီး မေးမြန်းရာ

ဖြေ- အချုပ်အခြာအာဏာရှိသော လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအနေဖြင့် Nauru သည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီး ထိုင်ဝမ်အာဏာပိုင်နှင့်သံတမန်ဆက်ဆံရေးဆိုတာကို ဖြတ်တောက်ကာ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထားရှိလိုသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ Nauru အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် တရုတ်ပြည်ဘက်က ချီးကျူးကြိုဆိုပါသည်။ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာ ရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေမှ  ခွဲမရသော အစိတ်အပိုင်းတစ်ခုဖြစ်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသည် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ် ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။