အမေရိကန်အနေဖြင့် ထိုင်ဝမ်ရေးရာ ကိစ္စတွင် မည်သည့်ပုံစံ မည်သည့် အကြောင်းပြချက် ဖြင့်မဆို ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသားဆန့်ကျင်

(GMT+08:00)2024-01-16 15:22:39  

  


  ယခုလ ၁၅ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ရာ အမေရိကန် ဝါရင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော ကိုယ်စားလှယ်အဖွဲ့ ထိုနေ့တွင် ထိုင်ဝမ်ဒေသ၌ လိုက်ချင်းဒေ၊ ဆိုက်ရင်းဝင်နှင့် တွေ့ဆုံခြင်းနှင့် ပတ်သက်၍ မည်သည့် တုံ့ပြန်ချက် ရှိသနည်း ဆိုသည့် မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲသည် တရုတ် နိုင်ငံ၏ ဒေသန္တရ ရေးရာ ဖြစ်ကြောင်း၊ တရုတ်ဘက်သည် အမေရိကန်နှင့် ထိုင်ဝမ် အကြား မည်သည့် အသွင်ပုံစံဖြင့် မဆို အစိုးရချင်း ဆက်ဆံမှု ပြုလုပ်ရန် အစဉ်တစိုက် ပြတ်သားစွာ ဆန့်ကျင်ပြီး အမေရိကန် အနေဖြင့် ထိုင်ဝမ်ရေးရာတွင် မည်သည့် အသွင်ပုံစံ မည်သည့်အကြောင်းပြချက် ဖြင့်မဆို ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားပါသည်။