China Media Group ၏ ၂၀၂၄ ခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ပထမဆုံးအကြိမ် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2024-01-16 15:07:50  



 China Media Group ၏ ၂၀၂၄ ခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ပထမဆုံးအကြိမ် ဇာတ်တိုက်လေ့ကျင့်မှုကို ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ပဒေသာကပွဲကို "အယူအဆ + အနုပညာ + နည်းပညာ" တို့ကို ပေါင်းစပ် အသွင်ပုံစံဖြင့် တင်ဆက် ပြသမည် ဖြစ်ပြီး အစီအစဉ်များတွင် သီချင်း၊ အက၊ အော်ပရာ၊ ပြက်လုံး၊ ပြဇာတ် စသဖြင့် ပါဝင်ထားပါသည်။ ပဒေသာကပွဲတွင် "ပြည်သူများ၏ နွေဦးပွဲတော် ပဒေသာကပွဲ" ဖြစ်သည့် မူကို ဖော်ဆောင်ပေးပြီး လုပ်ငန်းနယ်ပယ် အသီးသီးမှ ရိုးရိုးသာမန် ပြည်သူလူထုများသည် ပဒေသာကပွဲ၏ "အဓိက ဇာတ်ဆောင်များ" အဖြစ် ဆက်လက် တင်ဆက်ပါဝင်သွားမည် ဖြစ်ကာ နွေးထွေးမှုနှင့် စိတ်အားထက်သန်မှု ပြည့်နှက်နေပါသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။