ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၄ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ Davos တွင် ဖွင့်လှစ်

(GMT+08:00)2024-01-16 15:09:18  

ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၄ခုနှစ်   နှစ်ပတ်လည်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ Davos တွင် ဖွင့်လှစ်ခဲ့ရာ၊ အဓိက ဆောင်ပုဒ်မှာ "ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း" ဖြစ်ပါသည်။ ယခုအကြိမ် နှစ်ပတ်လည်အစည်းအဝေးသည် စီးပွားရေးတိုးတက်မှု၊ ရာသီဥတုနှင့် သဘာဝရေးရာ လုပ်ဆောင်မှုများကဲ့သို့သော အရေးတကြီး ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများကို နက်ရှိုင်းစွာ တွန်းအားပေးပြီး၊ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၅ ရက်ကြာ ကျင်းပမည့် နှစ်ပတ်လည် အစည်း အဝေးတွင် အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များသည် လက်ရှိ ကမ္ဘာ့ ဖွံ့ဖြိုးရေးတွင် ရင်ဆိုင်နေရသော အရေးတကြီးပြဿနာများနှင့် ပတ်သက်၍ အတူဆွေးနွေးကာ၊ လက်တွေ့ လုပ်နိုင်ခြေရှိပြီး ဆန်းသစ်တီထွင်မှု ရှိသော ဖြေရှင်းရေးနည်းလမ်းများကို တင်ပြသွားကြမည် ဟု သတင်းအရ သိရပါသည်။