ရှီကျင့်ဖိန်သည် ပြည်နယ်နှင့် ဝန်ကြီး အဆင့် အဓိက ကေဒါခေါင်းဆောင်များ၏ ငွေရေးကြေးရေး လုပ်ငန်း အရည်အသွေး မြင့်မားစွာ တိုးတက်မှုကို တွန်းအားပေးရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2024-01-16 17:27:25  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော ပြည်နယ်နှင့် ဝန်ကြီး အဆင့် အဓိက ကေဒါခေါင်းဆောင်များ၏ ငွေရေးကြေးရေး လုပ်ငန်း အရည်အသွေး မြင့်မားစွာ တိုးတက်မှုကို တွန်းအားပေးရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ဦးလည်မသုန် လျှောက်လှမ်းရမည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ ငွေရေးကြေးရေးလုပ်ငန်း အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ငွေရေးကြေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသည် ခေတ်မီ ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပကတိ ဥပဒေသနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သည့်အပြင် တရုတ်နိုင်ငံ ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီခြင်း ဖြစ်သော ထင်ရှားသည့် ထူးခြားချက် ဝိသေသလည်း ပါရှိကာ အနောက်တိုင်း၏ ငွေရေးကြေးရေး အသွင်ပုံစံနှင့် အတွင်းဓာတ်ခံ ကွာခြားချက် ရှိပါကြောင်း၊ မိမိတို့သည် ယုံကြည်စိတ်ရှိရှိဖြင့် လက်တွေ့ကျ ဆောင်ရွက်ရာတွင် ယင်းလမ်းကြောင်း ပိုမို ကျယ်ပြန့်၊ ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆက်လက် စူးစမ်းရှာဖွေရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ငွေရေးကြေးရေး အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရာမှာ  အားကောင်းသော စီးပွားရေး အခြေခံပေါ်တွင် အုတ်မြစ်ချရမည် ဖြစ်ပြီး ကမ္ဘာ့ရှေ့ပြေး စီးပွားရေး အင်အား၊ သိပ္ပံနည်းပညာ အင်အားနှင့် နိုင်ငံတော် အထွေထွေအင်အား ရှိရမည် ဖြစ်ကာ တစ်ချိန်တည်းတွင် သော့ချက်ကျသည့် ငွေရေးကြေးရေးဆိုင်ရာ အဓိက အကြောင်းရပ်များလည်း ပိုင်ဆိုင်ရမည် ဖြစ်ကြောင်း၊ ငွေရေးကြေးရေးဆိုင်ရာ အန္တရာယ်များ အထူးသဖြင့် စည်းစနစ်ဆိုင်ရာ အန္တရာယ်များ ကြိုတင်ကာကွယ်ဖြေရှင်ရေးကို အလေးပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။