ရှီကျင့်ဖိန်သည် ဒိန်းမတ်ဘုရင်Frederick X ၏ နန်းတက်ခြင်းအတွက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-01-15 14:33:09  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၁၄ ရက်နေ့တွင် ဒိန်းမတ်ဘုရင်သစ် Frederick X နန်းတက်ခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း သိရပါသည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်-ဒိန်းမတ်ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားပြီး ဘုရင်Frederick Xနှင့်အတူ တရုတ်-ဒိန်းမတ်ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အခန်းကဏ္ဍသစ်သို့ဆက်လက်ချီတက်ရန်တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးစီးပွားများကို ပိုမို ဆောင်ကျဉ်းပေးလိုကြောင်း ဖော်ပြခဲ့သည်။