အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

(GMT+08:00)2024-01-15 14:28:09  

   အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ကို ပြင်းထန်စွာ ကျောခိုင်း ဖောက်ဖျက်ပြီး ထိုင်ဝမ်ဒေသနှင့် ယဉ်ကျေးမှု၊ ကုန်သွယ်မှုနှင့် အခြားသော အစိုးရချင်း မဟုတ်သော ဆက်ဆံမှုသာ ထိန်းသိမ်း ထားခြင်း ဆိုင်ရာ နိုင်ငံရေး ကတိကဝတ်ကို ပြင်းထန်စွာ ကျောခိုင်း ဖောက်ဖျက်ကာ ထိုင်ဝမ် သီးခြားတည်ရှိမှု သွေးခွဲရေး အင်အားများအား မှားယွင်းသောအချက်ကို ပြလိုက် ကြောင်း၊ တရုတ်နိုင်ငံသည် လွန်စွာ မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ် သားသား ကန့်ကွက်ကာ အမေရိကန်အား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေးရာသည် တရုတ်နိုင်ငံ၏  အကျိုးစီးပွားထဲတွင် အမြုတေကျသည့် အရေး ဖြစ်ပြီး တရုတ်နှင့် အမေရိကန် ဆက်ဆံရေးတွင် ပထမဦးဆုံးသော ကျော်လွန်၍ မရသော မျဉ်းနီ ဖြစ်ကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူနှင့် နိုင်ငံတကာမိသားစုကြီး၏ ကျယ်ပြန့်သော ဘုံသဘောတူညီမှု ဖြစ်သည့်အပြင် တရုတ်နှင့် အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။