အီရတ်နှင့် ဆီးရီးယားတွင် ကုလ်ဒ် အလုပ်သမားပါတီဝင် ၇၄ ဦး သေဆုံးခဲ့သည်ဟု တူရကီ ဆို

(GMT+08:00)2024-01-15 14:29:37  

ဇန်နဝါရီလ ၁၄ ရက်နေ့က တူရကီလုံခြုံရေးတပ်ဖွဲ့သည် အီရတ်မြောက်ပိုင်းဒေသတွင် လေကြောင်း တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ရာ ကုလ်ဒ် အလုပ်သမားပါတီ လက်နက်ကိုင် ၁၀ ဦး သေဆုံးခဲ့ သည်ဟု တူရကီနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ဒေသစံတော်ချိန် ၁၄ ရက်နေ့ ညက ကြေညာခဲ့ပါသည်။ လက်ရှိအချိန်အထိ ကုလ်ဒ်လက်နက်ကိုင် စုစုပေါင်း ၇၄ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်ပြီး ယင်းအထဲမှာ အီရတ်နိုင်ငံက ၅၈ ဦး၊ ဆီးရီးယားနိုင်ငံက ၁၆ ဦး သေဆုံးခဲ့ ကြောင်း တူရကီ နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ စာရင်းအရ သိရပါသည်။