ဂါဇာဒေသအခြေအနေဆိုင်ရာ တရုတ်နိုင်ငံ၏ထင်မြင်ချက်နှင့်ပတ်သက်၍ ဝမ်ယိ ပြောကြား

(GMT+08:00)2024-01-15 14:30:03  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၄ ရက်နေ့က ကိုင်ရိုမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Shoukry နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဂါဇာဒေသအခြေအနေကို တရုတ်နိုင်ငံသည် မည်သို့သော ထင်မြင်ချက် ရှိပါသနည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းခြင်းကို ဖြေကြားရာတွင် ဝမ်ယိက တရုတ်နိုင်ငံသည် တရားမျှတမှုဘက်တွင် တစ်လျှောက်လုံးရပ်တည်ပြီး ပါလက်စတိုင်း ပြဿနာကို အ မြန်ဆုံး ဘက်စုံ၊ တရားမျှတစွာ ရေရှည်ဖြေရှင်းရေးကို တွန်းအားပေးရန် ဆက်တိုက် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါသည်။

ဂါဇာအခြေအနေနှင့်ပတ်သက်၍ တရုတ်ပြည်ဘက်က အပစ်အခတ် အမြန်ဆုံး ရပ်စဲရန်၊ လူသားချင်းစာနာထောက်ထားမှုကို အာမခံပေးရန်၊ ဂါဇာဒေသ အနာဂတ်အတွက် ပါလက်စတိုင်း ပြည်သူများ၏ဆန္ဒကို လေးစားရန် နှင့် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း”ကို အကောင်အထည်ဖော်ဆောင်ရန်တို့ ဖြစ် သည်ဟု ဝမ်ယိက ပြောကြားခဲ့ပါသည်။