ပင်လယ်နီအခြေအနေတင်းမာလာမှုနှင့်ပတ်သက်၍ ဝမ်ယိ သည် တရုတ်ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြ

(GMT+08:00)2024-01-15 14:27:40  

ဇန်နဝါရီလ ၁၄ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ကိုင်ရိုမြို့တွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးShoukry နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် ယခုတလော ပင်လယ်နီ အခြေအနေတင်းမာလာမှုကို လွန်စွာအာရုံစိုက်ကြောင်း ပြောကြာခဲ့ပါသည်။
    ဝမ်ယိ က ပင်လယ်နီပင်လယ်ရပ်ဝန်းသည် အရေးပါသော နိုင်ငံတကာ ကုန်ပစ္စည်းနှင့် စွမ်းအင် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အရပ်ဘက် သင်္ဘောများကို နှောင့်ယှက်တိုက်ခိုက်မှု လုပ်ရပ်များကို ရပ်စဲပြီး တစ်ကမ္ဘာလုံး ထုတ် လုပ်ရေး ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် အဆင်ပြေမှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရန် ပန်ကြားပါကြောင်း၊ ဘက် အသီးသီး တို့ အနေဖြင့် ဥပဒေ အရ ပင်လယ်နီပင်လယ်ရပ်ဝန်း ရေကြောင်းလုံခြုံရေးကို အတူ တကွ ကာကွယ် ထိန်း သိမ်း ရမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ယီမင်နိုင်ငံအပါအဝင် ပင်လယ်နီတစ်လျှောက်ရှိ နိုင်ငံများ ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက် နယ်မြေကိုလည်း လေးစားရကြောင်း ပြော ကြား ခဲ့ ပါသည်။