နိုင်ငံတွင်းရှိ အကျဉ်းထောင်အားလုံးကို ပြန်လည်ထိန်းချုပ်ခဲ့ပြီဖြစ်ကြောင်း အီကွေဒေါ အစိုးရ ကြေညာ

(GMT+08:00)2024-01-15 14:32:39  

ဇန်နဝါရီလ ၁၄ ရက်နေ့က အီကွေဒေါသမ္မတ နိုဗိုအာက လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရဲများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် အစိုးရသည် အကြမ်းဖက်သမား များ ထိန်းချုပ်ထားသည့် အကျဉ်းထောင်အားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ညမှစတင်၍ အီကွေဒေါအစိုးရသည် အကျဉ်းထောင်များစွာတွင် ပူးတွဲ တပ်ဖွဲ့များကို စေလွှတ်ပြီး လက်နက်ကိုင်ဆောင်ရွက်မှုများပြုလုပ်ကာ ထိုညတွင် အကျဉ်းထောင်ဆူပူမှုများအတွင်း ထိန်းသိမ်းခံထားရသော ဓားစာခံအားလုံးကို ကယ်ဆယ်ကာ ၁၄ ရက်နေ့တွင် အကျဉ်းထောင်အားလုံးကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါသည်။