Li shu lei သည် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ကမ္ဘောဒီးယား နိုင်ငံသို့ ခရီးလှည့်လည်

(GMT+08:00)2024-01-15 14:31:55  

ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီး Li shu lei သည် တရုတ်ကွန်မြူနစ် ပါတီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ယခုလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ခရီးလှည့်လည်ပြီး ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌ ဟွန်ဆန်၏ အထူးကိုယ်စားလှယ်၊ ဒု ဥက္ကဋ္ဌ၊  ဘုရင်၏ အဆင့်မြင့်အကြံပေးအရာရှိ သီဘန်၊ ပြည်သူ့ပါတီ ဗဟိုကော်မတီ အမြဲတမ်းကော်မတီဝင်၊ အစိုးရဝန်ထမ်းရေးရာဝန်ကြီးဌာန ဝန်ကြီး ဟွန်မနီစသည်တို့နှင့် အသီးသီးတွေ့ဆုံကာ၊ ကမ္ဘောဒီးယားခေါင်းဆောင်များနှင့်အတူ ၂၀၂၄ ခုနှစ် "တရုတ် -ကမ္ဘောဒီးယား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ်" ဖွင့်ပွဲအခမ်းအနား၊ တရုတ်နှင့် ကမ္ဘောဒီးယားပါတီများအကြား ဒုတိယအကြိမ် သီအိုရီ နှီးနှောဖလှယ်ပွဲ၊ တရုတ်-ကမ္ဘောဒီးယား ဂန္ထဝင်များ ဘာသာပြန်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။