ထိုင်းနိုင်ငံသည် မွေထိုင်းကို သင်ယူရန် ထိုင်းသို့ လာရောက်လိုသော နိုင်ငံခြားသားများအတွက် ရက် ၉၀ အထူးဗီဇာ ထုတ်ပေးမည်

(GMT+08:00)2024-01-15 14:30:59  

ဇန်နဝါရီလ ၁၄ရက်နေ့တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် Settha Thawisin သည် မွေထိုင်းကို သင်ယူရန် ထိုင်းနိုင်ငံသို့ လာရောက်လိုသော နိုင်ငံခြားသားများအတွက် ရက် ၉၀ အထူးဗီဇာ ထုတ်ပေး မည် ဖြစ်ကြောင်း ၎င်း၏ကိုယ်ပိုင်ဆိုရှယ် ပလက်ဖောင်းမှတစ်ဆင့် ကြေညာခဲ့ပါသည်။ ၎င်း အထူးဗီဇာ မူဝါဒကို ထုတ်ပြန်ခြင်းသည် မွေထိုင်းကို နက်နက်နဲနဲသင်ယူလေ့လာလိုသော နိုင်ငံခြားသားများအတွက် အချိန်နှင့် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်ပါသည်။