လျိုကျန့်ချောင်းသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံ

(GMT+08:00)2024-01-14 16:44:40  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီး လျိုကျန့်ချောင်းသည် ဝါရှင်တန်၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ-ဘလင်ကန်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်ဖက်တို့သည် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ ဆန်ဖရန်စစ္စကိုမြို့တွင် တွေ့ဆုံမှု၏ အရေးကြီးသော သဘောတူညီမှုနှင့် အောင်မြင်မှု ရလဒ်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း ပြောကြားသည်။ လျိုကျန့်ချောင်းက သက်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး  ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားပြီး နှစ်ဖက်တို့သည် တူညီသော ဦးတည်ချက်ဖြင့် ဆောင်ရွက်ပြီး တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ်မှန်ကန်ပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်လာရန် တွန်းအားပေးသင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။ နှစ်ဖက်တို့သည် နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီးလည်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရ သည်။