Connecticut ပြည်နယ်သည် အရေးပေါ်အခြေအနေ ဝင်ရောက်နေပြီဟု သမ္မတ ဘိုင်ဒန် အတည်ပြု

(GMT+08:00)2024-01-14 16:42:00  

ဇန်နဝါရီလ ၁၃ ရက်နေ့က အမေရိကန်သမ္မတဘိုင်ဒန်သည်  Connecticut ပြည်နယ် အရေးပေါ်အခြေအနေသို့ ဝင်ရောက်နေပြီဟု အတည်ပြုခဲ့သည်။ ဇန်နဝါရီလ ၁၀ ရက်နေ့မှစ၍ ပြင်းထန်သောမုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကြောင့် ဒေသတွင်းပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင် ဖြေရှင်းပေးရန် ၎င်းပြည်နယ်အတွက် ဖက်ဒရယ်အကူအညီများ ပေးအပ်ရန် ဘိုင်ဒန်က အမိန့်ချခဲ့ပါသည်။