ပါတီ၏ ခြွင်းချက်မရှိ ဦးဆောင်မှုကို စွဲကိုင်ပြီး သစ္စာရှိရှိဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသားရှင်သန်ရေးလုပ်ငန်းကို ဘက်စုံ တွန်းအားပေးရေးအတွက် ခိုင်ခံ့သော လုံခြုံရေး အာမခံချက်ကို ပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-01-14 16:41:30  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက နိုင်ငံရေးနှင့် တရားဥပဒေ လုပ်ငန်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက်ကို ထုတ်ပြန် ခဲ့ပါသည်။

    ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့ခြင်း ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး ၁၄ ခုမြောက် ငါးနှစ်စီမံကိန်း ရည်မှန်းချက် တာဝန်များကို ဖော်ဆောင်ရေးဆိုင်ရာ သော့ချက်ကျသော နှစ်တစ်နှစ် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် တရား ဥပဒေ တပ်ပေါင်းစု အနေနှင့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံနှင့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို ဘက်စုံ အကောင်အထည်ဖော် ဆောင်ရမည် ဖြစ်ကြောင်း၊ ပါတီ၏ ခြွင်းချက်မရှိ ဦးဆောင်မှုကို စွဲကိုင်ပြီး သစ္စာရှိရှိဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် တရားဥပဒေ လုပ်ငန်းများ ခေတ်မီရေးဖြင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို ထောက်ပံ့ ဝန်ဆောင်မှု ပေးပြီး အင်အား တောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသားရှင်သန်ရေး လုပ်ငန်းကို ဘက်စုံ တွန်းအားပေးရေးအတွက် ခိုင်ခံ့သော လုံခြုံရေး အာမခံချက်ကို ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးနှင့် တရားဥပဒေ လုပ်ငန်း အစည်းအဝေးကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။