၂၀၂၃ခုနှစ်အတွင်း အမေရိကန်လေဆိပ်လုံခြုံရေးစစ်ဆေးမှုတွင် စုစုပေါင်း သေနတ် ၆၇၃၇ လက် သိမ်းဆည်း

(GMT+08:00)2024-01-14 16:42:25  

မကြာသေးမီက အမေရိကန်မီဒီယာများမှသတင်းအရ အမေရိကန် ပို့ဆောင်ရေး လုံခြုံမှု စီမံခန့်ခွဲမှုဌာနသည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ လေဆိပ် လုံခြုံမှု စစ်ဆေးရေး ဂိတ်များတွင် သေနတ် ၆၇၃၇ လက်ကို သိမ်းဆည်းရခဲ့ပြီး  ၂၀၂၂ခုနှစ်က သေနတ် ၆၅၄၂လက် ဖြစ်သော စံချိန်ကို ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ကြောင်း သိရပါသည်။